ဒစ်စနေး နန်းတော်
ဆံနွယ် ဓါတ်ပုံပန်းချီ
စိတ် အရမ်းကို အနှောင့်အယှက် ဖြစ်နေလို့ပါ။
ဘယ်လို စိတ်ညစ်မှန်းကို မသိတာ..
ခုရှိနေတဲ့ နေရာကနေပြီး အရာအားလုံးကို စွန့်ပစ်ပြီး အဝေးကြီးကို ထွက်သွားချင်မိတယ်။
ဘယ်သူနဲ့မှလဲ မတွေ့ချင်ဘူး။
ဘာမှ လဲ မလုပ်ချင်ဘူး။
အေးဆေး ငြိမ်သက်တဲ့နေရာမှာ အနားယူချင်တယ်။
အရာအားလုံးကို မေ့ပစ်ချင်တယ်။
ထာဝရ အိပ်စက်ခွင့်
သံယောဇဉ် များကြားမှ လွတ်မြောက်ခွင့်ပေးပါ..
အမုန်းများကြားမှ အေးချမ်းခွင့်ပေးပါ...
အချစ်များကြားမှ ငြိမ်းချမ်းခွင့်ပေးပါ..
ဥပေက္ခာကို မတွေ့ရပါစေနဲ့...
ချည်နှောင်တက်တဲ့ စိတ်ထားများနှင့် ကင်းဝေးရပါစေ..
အတ္တများနှင့် အဆိုးမြင်သူများအကြား မနေရပါစေနှင့်..
မျက်လုံးပိတ်ပြီး တစ်နေ့တာ အတွက် အိပ်စက်ခွင့်ပေးပါ..
ကမ္ဘာလောကမှာ မပျော်ပိုက်သူမို့..
လက်ရှိဘဝကို ချုပ်ငြိမ်းခွင့် အမြန်ဆုံးပေးပါ..
နောင်ဘဝကို လဲ မကူးပါရစေနဲ့..
လေအဖြင့်သာ ကြွေလွင့်ခွင့်ပေးကာ..
ထာဝရအတွက် ထား..
နားပါရစေတော့လား...........
သံယောဇဉ် များကြားမှ လွတ်မြောက်ခွင့်ပေးပါ..
အမုန်းများကြားမှ အေးချမ်းခွင့်ပေးပါ...
အချစ်များကြားမှ ငြိမ်းချမ်းခွင့်ပေးပါ..
ဥပေက္ခာကို မတွေ့ရပါစေနဲ့...
ချည်နှောင်တက်တဲ့ စိတ်ထားများနှင့် ကင်းဝေးရပါစေ..
အတ္တများနှင့် အဆိုးမြင်သူများအကြား မနေရပါစေနှင့်..
မျက်လုံးပိတ်ပြီး တစ်နေ့တာ အတွက် အိပ်စက်ခွင့်ပေးပါ..
ကမ္ဘာလောကမှာ မပျော်ပိုက်သူမို့..
လက်ရှိဘဝကို ချုပ်ငြိမ်းခွင့် အမြန်ဆုံးပေးပါ..
နောင်ဘဝကို လဲ မကူးပါရစေနဲ့..
လေအဖြင့်သာ ကြွေလွင့်ခွင့်ပေးကာ..
ထာဝရအတွက် ထား..
နားပါရစေတော့လား...........
အိမ်မက်စေရာ
၀၅.၀၄.၁၂
15 comments:
စိတ်ညစ်နေတာလားအိပ်မက်လေးရေ
အမကတော့အိပ်မက်လေးရဲ့ကျေးဇူးကြောင့်
ဒစ်စနေး နန်းတော်ထဲ ရောက်ခဲ့တယ်
ညီမရေ
လူတိုင်းမှာစိတ်ညစ်စရာဆိုတာ ရှိလာစမြဲပါ
အမြဲတမ်း အဆင်ပြေတဲ့သူဆိုတာ မရှိသလို
အမြဲတမ်း အဆင်မပြေဖြစ်နေတဲ့သူလည်း မရှိပါဘူး
ညီမ စိတ်ညစ်နေတဲ့အကြောင်းအရာတွေဟာ မကြာခင်မှာ အားလုံး ပြေလည်ပြီးသားဖြစ်သွားမှာပါ။
လူတိုင်းလည်း အခက်အခဲတွေစိတ်ညစ်စရာတွေကို ဒီလိုဘဲ စိတ်ညစ်ရင်း အဆင်မပြေရင်း လွန်မြောက်လာရတာပါဘဲ...
သိပ်ပြီး စိတ်မညစ်ပါနဲ့လို့ နော်။
အရမ်းစိတ်ညစ်နေရင် ထွက်ပေါက်အနေနဲ့ တစ်ဦးတစ်ယောက်ကို ရင်ဖွင့်လိုက်ပါ ရင်ထဲမှာ နဲနဲပေါ့သွားတာပေါ့
အများကြီး တွေးမထားနဲ့ပေါ့
အချိန်က ကုစားပါလိမ့်မယ်
အမြန်ဆုံး စိတ်ညစ်တာလေး ပျောက်ပါစေဗျာ
ဝေ...
ရင်ဖွင့်တာ အကျယ်ကြီးပါလားးးး :P
ပုံလေးတွေကလည်း လှမှလှ
everything is so peace and
so cute. but sometime,
they may be သုခ and ဒုက္ခ :)
so my little girl you should think
a thought of
အရာရာဟာ ငါ့တစ်ယောက်တည်းအတွက်မဟုတ်ဘူး :)
can i see in next post of you with cutely ? :P
cheer! my sis
your lovely
သမီးစံ
ဘာတွေများ စိတ်ညစ်နေတာလဲ အစ်မရယ်
မုန်တိုင်းပြီးရင် လေပြည်တွေ လာသလိုပဲ
စိတ်ညစ်စရာတွေပြီးရင်
ပျော်စရာတွေ လာတော့မှာပါ
စိတ်မညစ်နဲ့တော့နော်
ပျော်ရွှင်ပါစေ
ခင်မင်ရပါသော - မောင်နွေလ
အတိတ်ကိုမတွေးနဲ့ အနာဂါတ်အတွက်လည်း စိတ်မပူနဲ့ လက်ရှိအချိန်မှာ ကောင်းတာလေးတွလုပ်ပေး.....ကောင်းတာလေးတွေ ပြန်လာလိမ့်မယ်.....အစစအရာရာ အဆင်ပြေပါစေဗျာ......
စိတ်ညစ်နေတာကိုတွေးပြီး ငါ့ကျမှ စိတ်ညစ်စရာတွေ များလှချေလားလို့ စိတ်မညစ်ပါနဲ့လေ...
စိတ်ညစ်တယ်ဆိုတာကိုက လောကရဲ့သဘာဝ...လူတိုင်း စိတ်ညစ်ကြတာတွေချည်းပေါ့...အရေးကြီးတာက စိတ်ညစ်တာကို ဘယ်လိုကျော်လွှားမလဲဆိုတာပါပဲ...
စိတ်ညစ်တယ်ဆိုတာ စိတ်ထဲမှာ တစ်ခုခုရှိနေလို့၊ တွေးနေလို့ပေါ့...ဒီတော့ မတွေးဖြစ်အောင် အလုပ်ဖိလုပ်လိုက်၊ ပတ်ဝန်းကျင်နဲ့ ဒွေးရောယှက်တင်နေလိုက်...
ခပ်ရှင်းရှင်းပြောရရင် အတွေးလျှော့ပြီး အလုပ်ပိုလုပ်လိုက်
activity is the enemy of feelings ဆိုတာလေး နှလုံးသွင်းလိုက်ပေါ့ ဟုတ်လား...
တစ်ယောက်တစ်ယောက် အဝေးကြီးမှာနေကြပေမယ့် မမ အမြဲတမ်းချစ်နေ ၊ သတိရတယ်နော် ညီမလေး။
Ama, cheer up. I love you. :)
ဘာလို့စိတ်ညစ်နေမလဲကလေး
ခနစိတ်ကိုလွှတ်ထားပေးလိုက်ပါ
အချိန်ကကုစားသွားမှာပါ
ချစ်တဲ့အမ
ဒိုးကန်
ညစ်နေတဲ့ စိတ်ကို စိတ်နဲ့ပြန်ကုစားရမှာပဲ
ညစ်တဲ့ စိတ်ကလည်း ဒီစိတ် ပျော်တဲ့စိတ်ကလည်း ဒီစိတ် ဆိုတော့ ဒီစိတ်ကိုမညစ်အောင် စိတ်နဲ့ပြန်ကုစားကြည့်ပေါ့
စိတ်ဆြာကြီး
မောင်ဘချိုင် အဲ မောင်ဘကြိုင်း)း)
အင်း ...မုန်း၍မဟူ .... တစ်တလေ .. အချစ်တွေ သံယောဇဉ် တွေ က စိတ်ကို ဒုက္ခ ပေးတက်တက် သည် မဟုတ်လော .... အဟီး .......
အစ်မရေ ..... ပျော်ရွှင်ဖွယ်ရာ နှစ်သစ်လေး ဖြစ်ပါစေဗျာ ...
စိတ်သောက တွေ လည်း အမြန်ဆုံး ကင်းဝေးပါစေ ... ဗျာ
အစ်မအိမ်မက် စိတ်ညစ်နေတယ်ဆိုလို့ ရေလာလောင်းတယ်ဗျာ။ စိတ်ညစ်စရာတွေ ပြေပျောက်ပါစေဗျား။ စိတ်ဆိုတာညစ်ဖို့ထားတာ မဟုတ်ပေမယ့် တခါတလေတော့စိတ်ညစ်မိမှာပေါ့နော်။ စိတ်ညစ်ရင် တစ်ယောက်ထဲမနေရဘူး။ သူငယ်ချင်းတွေနဲ့တွေ့တွေ့ပေးနော်။ စိတ်ညစ်စရာကိစ္စက ဖြေရှင်းလို့ရတဲ့ဟာလား? ဖြေရှင်းလို့မရတဲ့ဟာလား? ဆိုတာ ပြန်စဉ်းစားပါနော်။ ဖြေရှင်းလို့ရတဲ့ ဟာဆိုရင် မြန်မြန်ဖြေရှင်းလိုက်ပါနော်။ ဆရာလုပ်တာမဟုတ်ပေမယ် ဆရာလုပ်သွားသည်။ :P အရင်လိုပျော်ပျော်နေပါလို့ပြောပါရစေခင်ဗျာ။
ခင်တဲ့
အိပ်ယာ
Life is such. Such is life...
May you find the peaceful place.
Post a Comment